Sunday 22 August 2021

ဖသာဝါ ကဏ္ဍ

 မျက်မှောက်ခေတ် သန္ဓေတားနည်းများနှင့် စပ်လျဉ်း၍

******************************


ယနေ့မျက်မှောက်ခေတ်၌ ဇနီးမောင်နှံတို့ အသုံးပြုလေ့ရှိသော သားဆက်ခြားခြင်း / သန္ဓေတားခြင်းနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


၁ ။ အချို့သူတို့သည် ကလေးနှယောက်သုံးယောက် သာယူကြပြီး ခင်ပွန်း၏သဘောတူကျေနပ် မှုကို ရယူကာ သာကြောဖြတ်လိုက်ကြပါသည်။ သားအိမ်ထုတ်ပစ်လိုက်ကြပါသည်။ ထိုသို့ပြုလုပ်မှုကြောင့် လုံးဝကလေး မရနိုင်တော့ပါ။


၂ ။ အချို့သူတို့မှာ သားအိမ်အတွင်းသို့ မျိုးဥ (Ova ) များ ဝင်ရောက်သောပြွန်ချောင်းကို အကြောထုံးချည်နှောင်လိုက်သောနည်းစနစ်ကို အသုံးပြုကြပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အမျိုးသမီးသည် ဓမ္မတာပုံမှန်လာသည့် အပြင် ဖိုမဆက်ဆံလိုသောဆန္ဒတွင် တစုံတရာ ပြောင်းလဲခြင်း (လျော့နည်းခြင်း ) မဖြစ်ပါ။


၃ ။ အချို့သူတို့သည် Condom ကို အသုံးပြုကြပါသည်။


၄။ အချို့သူများသည် သန္ဓေတားဆေးများအသုံးပြုကြပါသည်။


ယခုမေးမြန်လိုသည်မှာ-

အကယ်၍တဦးတယောက်သည် ကလေးများများမွေးဖွားခြင်းကြောင့်  သားသမီးပြုစုပျိုးထောင်ရေးတွင် မိဘတို့ ဝတ္တရားရှိသည့် အတိုင်း စနစ်တကျမပြုစုမပျိုးထောင်ပေးနိုင်မည်ကို စိုးရိမ်၍ ဒုတိယပုံစံကို ရွေးချယ်ကာ ကလေးအနည်းငယ်သာရယူခြင်းနှင့် ရှရီအသ်တရားတော်အရ မည်သို့ရှိသည်ကို ဖော်ပြပေးပါရန်နှင့် ဖော်ပြပါနည်းလမ်းများအားလုံးနှင့် စပ်လျဉ်း၍ လည်းရှရီအသ်ရှုထောင့်မှ အထောက်အထား များဖြင့် အကျယ်တဝင့် ဖော်ပြပေးပါ။


                 အဖြေ

Birth Control သားဖွားမှုထိန်းချုပ်ခြင်းသည် အဓိကအားဖြင့် ပုံစံ နှခုရှိသည်။

(၁) သားကြောဖြတ်ခြင်း

(၂) သန္ဓေတားခြင်း       ဖြစ်သည်။


Birth Control ၏စနစ်သစ်များအနက် မည်သည့် စနစ်ပင်ဖြစ်စေ အထက်ပါပုံစံနှမျိုး အနက် တမျိုးမျိုးတွင်၌ အကျုံးဝင်မည်သာဖြစ်သည်။


(၁) သားကြောဖြတ်ခြင်း  

အမျိုးသား အမျိုးသမီး နှစ်ဦး အနက် တဦးဦး၏မျိုးပွားပေးနိုင်သော အစိတ်အပိုင်းကို အတွင်းပိုင်းဆိုင်ရာ သို့မဟုတ် အပြင်ပိုင်းဆိုင်ရာ နည်းတမျိုးမျိုးဖြင့် ပြောင်းလဲ ပစ်ခြင်းကြောင့် ရာသက်ပန် သားမဖွား ကလေးမရနိုင်တော့ခြင်း။


(က) အကြောဖြတ်ခြင်း

(Vasec Tomy )  သုက်ပိုးလွှတ်သည့် သန္ဓေတည်စေသော အကြောများကို နှဖက်သို့မဟုတ် တဖက်မှ ဖြတ်တောက် ၍ထုံးထားလိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လိုက်ခြင်းဖြင့် သုက်ပိုး + မ , မျိုးဥ များမထွက်နိုင်တော့ပါ။


(ခ) အကြောထုံးခြင်း

ဤပုံစံ၌ သုက်ပိုးများထုတ်လွှတ်သော အကြောများကို ဖြတ်တောက်ခြင်းမပြုဘဲ ထုံးပစ်လိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သုက်ပိုးများမထွက်နိုင်တော့ပါ။


(ဂ) သားအိမ်ဖြတ်ထုတ်ခြင်း (HYSTER ECTOMY)


ဤပုံစံ၌ အမျိုးသမီး၏သားအိမ်ကို ဖြတ်တောက်၍ ဝမ်းဗိုက်အပြင်သို့ ထုတ်လိုက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် သားမဖွားနိုင်တော့ပါ။

အထက်ဖော်ပြပါ ပုံစုံ  (က ခ ဂ ) သည် (အလွန်အရေးကြီးသော ချွင်းခြက် အခြေအနေမှ တပါး) ရှရီအသ်တရားတော်အရ ပြုလုပ်ခွင့် မရှိပါ။ သို့သော် ဒုတိယပုံစံဖြစ်သော အကြောထုံးခြင်းနှင့်စပ်လျဉ်းပြီး အချို့ပညာရှင်များက ဤပုံစံသည် ယာယီသန္ဓေတားထားခြင်းဖြစ်သည့်အတွက် (ခြွင်းချက်ရှိက ) ပြုလုပ်ခွင့်ရှိသည်ဟုဆိုကြသည်။ သို့ရာတွင် ဤပုံစံသည် သန္ဓေတားခြင်းအတွက် ဖြစ်နိုင်ချေရှိသောနည်းလမ်းတရပ်သာဖြစ်သည်။ လုံးဝ စိတ်ချရသောနည်းလမ်းမဟုတ်။ ဤနည်းကို အသုံးပြုခြင်းဖြင့် အမြုံဖြစ်စေတတ်သည်။ အကယ်၍ကာလကြာရှည်စွာ သားကြောထုံးထားလိုက်လျှင် အမျိုးသမီးသည် အမြုံ ဖြစ်သွားနိုင်သည်ဟု ဆေးပညာရှင်တို့က မိန့်ဆိုကြသည်။

အထက်ဖော်ပြပါ နည်းပုံစံများ ရှရီအသ်၌အသုံးပြုခွင့်မရှိသည့် အကြောင်းမှာ ယင်းကဲ့သို့ပြုခြင်းကြောင့်လုံးဝ ကလေးမရသည့်အခြေ အနေကိုရောက်သွား သောကြောင့်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ဝှေးသင်းခြင်း သင်းကွပ်ခြင်းနှင့် သဘောတရားတူသည်။


ဖော်ပြပါ နည်းများသည် မျက်မှောက်ခေတ်၏ ကျော်ကြားသောနည်းလမ်းပုံစံ များဖြစ်သည်။ရှေးခတ်၏ နည်းလမ်းမှားဝှေးသင်း၍

သားဖွားနိုင်မှု စွမ်းအားကို ဖျက်စီးပစ်သော နည်းလမ်းများဖြစ်သည် ။


ဟဒီးစ်တော်တွင် တမန်တော်မြတ် ﷺ က

"ဤကဲ့သို့ ပြုလုပ်ခြင်း ဟရာမ်ဖြစ်သည် " ဟု ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။


အီမာမ် ဗုခါရီက ဗုခါရီကျမ်း၏ ...

باب ما یکرہ من ا لتبتل والخصا ء

အခန်း၌ ဤသည်နှင့်စပ်လျဉ်း၍ဖော်ပြထားသည်။  အိဗ်နေ မစ်အူးဒ် ؓ   ကပြောပြခဲ့သည်။

"ကျွန်ုပ်တို့သည် တမန်တော်မြတ် နှင့်အတူ ဂျိဟားဒ်၌ပါဝင်ခဲ့သည်။ လူငယ်များဖြစ်သည့်အတွက် ဖိုမဆက်ဆံလိုစိတ်နှိုးကြွနေသည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံ တော်၌ ရာဂစိတ်လုံးဝပျောက်သွားရန်အတွက် သင်းကွတ်ခွင့်တောင်းခံခဲ့သည်။ သို့မှသာကျွန်ုပ်တို့ ဂျိဟားဒ်၌တစိတ်တလက်တည်း ကြိုးပမ်းနိုင်မည်ဖြစ်သည်။ တမန်တော် မြတ်သည် ကျွန်ုပ်တို့အားတားမြစ်တော်မူပြီးထိုသို့ ပြုလုပ်ခြင်းဟရာမ် ဖြစ်ကြောင်းအောက်ပါအာယသ်တော်ကို ကိုးကား၍ မိန့်ဆိုခဲ့သည်။


یاٰیھاالدٌین امنوالا تحرمواطیبت

مآاحل اللہ لکم ولاتعتدؤا   ا نٌ اللہ لایحب ا لمعتد ین ۔

            (ဆွဟီးဟ် ဗုခါရီကျမ်း။ တွဲ၂ စာ၇၀၉)


မျက်မှောက်ခေတ်၏ ကျော်ကြားသောနည်းလမ်းများအတွက် ဝှေးသင်းခြင်းနှင့်စပ်လျဉ်းသောအကြောင်း အရာများမှာ ထင်ရှားသော နမူနာပင်ဖြစ်သည်။

ထို့ကြောင့်ဝှေးသင်းခြင်း ၌ ဖို , မ ဆက်ဆံလိုစိတ် ကုန်ခမ်းစေသကဲ့သို့ မျက်မှောက်ခတ်၏ နည်းလမ်းများတွင်လည်း ယင်းစွမ်းအင်ကို ကုန်ခမ်းစေခြင်းဖြစ်လျှင် ဝှေးသင်းခြင်းဟရာမ်ဖြစ် သကဲ့သို့ ထိုနည်းလမ်းအားလုံးသည် လဲ ဟရာမ်ဖြစ်သည်။


ဟဇရသ် ရှဟ် ဝလီယုလ္လာဟ် က ဤသို့မိန့်ဆိုခဲ့သည်။ မျိုးဆက် ပြန့်ပွားခြင်း၏ အဓိက အကြောင်းခံတရပ်မှာ ဖို , မ ဆက်ဆံလိုစိတ်ဖြစ်သည်။ ထိုစိတ်ကို ကလေးရယူရန် အတွက် လူသားအပေါ်၌ မလွန်ဆန်နိုင်သော ဗီဇအဖြစ်လွှမ်းမိုးထားသည်။

လိင်တူဆက်ဆံခြင်း ။ အမျိုးသမီး နှင့်သဘာဝနှင့် ဆန့်ကျင်သောနည်းလမ်း ဖြင့်ကာမစိတ်ဖျော်ဖြေခြင်းသည် အလ္လာဟ့်ဖန်ဆင်းမှုကို ပြောင်းလဲ ပစ်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ရည်ရွယ်ချက် မျိုးဆက်ပြန့်ပွားရေး အတိုင်းဆောင်ရွက်ခြင်းမှ ရှောင်လွှဲခြင်းဖြစ်သည်။ သားကြောဖြတ်ခြင်း ကာမအားကို ကုန်ခမ်းသွားစေသော ဆေးဝါးများသုံးဆွဲခြင်း နှင့် အိမိထောင်မပြုဘဲ တကိုယ် တည်းနေသည့် အစဉ်အလာများ ဖြစ်ပေါ်စေခြင်း သည်လည်း အလ္လာဟ်အရှင် မြတ်၏ ဖန်ဆင်းမှုကို ပြောင်းလဲစေခြင်းနှင့် မျိုးဆက်ပြန့်ပွားရေး ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။

( တွဲ ၂ စာ ၁၃၂ حخھ اللہ ا لبا لغت )


ဟာဖီဇ် အိဗ်နေ ဟဂျရ် ( အတ်စ်ကလာနီ ) က မျိုးပွားပေးနိုင်သည့် စွမ်းအင်ကို ကုန်ခမ်းစေသာ ဆေးဝါများသုံးစွဲခြင်းကို ပညာရှင်များကဟရာမ် ဟုသတ်မှတ် ထားကြောင်းဖော်ပြထားသည်။


ဆွဟီးဟ် ဗုခါရီကျမ်းတွင် လာရှိသည်။

အဗူဟိုရိုင်ရဟ် ؓ  သခင် ဆင်းရဲနွမ်းပါးမှုကြောင့် ဖိုမဆက်ဆံလိုစိတ်ကုန်ခမ်းသွားစေရန် တမန်တော်မြတ် ﷺ ထံဝှေးသင်းခွင့်တောင်းခံရာ တမန်တော်မြတ်က ၎င်းအားပြင်းထံစွာတားမြစ်ခဲ့သည်။ (ဆွဟီးဟ်ဗုခါရီကျမ်း အတွဲ ၂ စာ ၇၂ )


ဤသည်ဖြင့် အမြဲ ထာဝရအတွက် ဖို , မ ဆက်ဆံလိုစိတ်ကုန်ခမ်းသွားစေရန် နည်းလမ်းတခုခုကိုရွေးချယ်ခြင်း မျိုးပွားစေသော စွမ်းအင်ကုန်ခမ်းစေခြင်းဟရာမ် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း ၌မည်သည့်လောကီး အကျိုးရှိစေကာမူ ဟရာမ် ဖြစ်သည်။


( ၂ ) သန္ဓေတားခြင်း


သားဖွားမှုကို ထိန်းချုပ်သော ဒုတိယနည်းလမ်းမှာ သန္ဓေတားခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်း၏ရလဒ်မှာ အမျိုးသားနှင့် အမျိုးသမီးတို့မှာ သားဖွားပေးနိုင်သောစွမ်းအားမကုန်သွားဘဲ ယာယီကာလအတွက် သန္ဓေမတည်စေရန် ခန္ဓာကိုယ် အတွင်း သို့မဟုတ် အပြင်၏ အစိတ်အပိုင်းတစုံတရာကို ပြောင်းလဲ ခြင်းဖြစ်သည်။


မျက်မှောက်ခေတ်၌ ရေပန်းစားနေသော သန္ဓေတားနည်းမှားအားလုံးမှာသားဖွားစွမ်းအင်ကို မကုန်ခမ်းစေဘဲ သန္ဓေတည်ခြင်းကို တားဆီးထားသောနည်းလမ်း၌ အကျုံးဝင်သည်။ ယင်းနည်းများအနက် ကျော်ကြားသောအချို့နည်းလမ်းများမှာ -

*သန္ဓေတားဆေးဝါးများ အသုံးပြုခြင်း

*သန္ဓေတားဆေးထိုးခြင်း

*လိမ်းဆေးများသုံးဆွဲခြင်း

*သားအိမ်ကို ပိတ်ခြင်း (ဥပမာ Coil စသည်တို့ကို သုံးဆွဲခြင်း ) တို့ဖြစ်သည်။

ရှေးခေတ်၌ သန္ဓေတားခြင်း၏ အကျော်ကြားဆုံးနည်းမှာ အဇ်လ်

( WITHDRAWL ) ဖြစ်သည် ။


အဇ်လ် (WITHDRAWL )

သားအိမ်အတွင်းသို့ သုက်ပိုးများ မဝင်ရောက်စေသောနည်းလမ်းဖြစ်သည်။ အမျိုးသားက ထိုကဲ့သို့နည်းလမ်းတခုခုအားရွေးချယ် ပြုလပြုလုပ်ခြင်း သို့မဟုတ် အမျိုးသမီးက သားအိမ်အဝကို ပိတ်ရန် နည်းလမ်းတခုခု အားကြံဆည် အသုံးပြုခြင်းဖြစ်သည်။

ဤသည်နှင့်စပ်လျဉ်းသည့်မေးခွန်းများကို တမန်တော်မြတ် ၏ ဖြေကြားချက်၌ အတိအလင်းတားမြစ်ခဲ့သည်လဲ မရှိသကဲ့သို့ အထင်အရှားခွင့်ပြုထားသည်ကိုလဲ မတွေ့ရပါ။

သို့ရာတွင် ယင်းသို့ ပြုလုပ်ခြင်းအားတမန်တော်မြတ် မနှစ်သက်ကြောင်းထင်ရှားသည်။ ဤအတွက်ကြောင့် အစ္စလာမ့် ဖိကဟ် ပညာရှင်များထံ အကွဲအလွဲ ရှိခဲ့သည်။ အချို့ ကလုံးဝ မပြုပိုင်ဟုအတည်ပြု ခဲ့သည်။ အချို့က ဤသို့ပြုလုပ်ခြင်းသည် မကောင်းသောလုပ်ရပ်ဖြစ် သော်လည်း လိုအပ်သော အခြေ အနေမျိုးတွင် ပြုလုပ်ခွင့်ရှိသည်ဟု ဆိုကြသည်။  သို့ရာတွင် မကောင်းသော ရည်ရွယ် ချက်ဖြင့် ပြုလုပ်မည်ဆိုပါက ပြုလုပ်ခြင်းမပိုင်။

ဆွဟာဗာများနှင့် သာဗိအီးန် တို့၏ အုပ်စုကြီးတခု၏ ရပ်တည်ချက်မှာ ဤသို့ပြုခြင်း မက္ကရူဟ် ဖြစ်သည်။


အလ္လာဟ်မဟ်ဗဒ် ရုဒ်ဒီးန်အိုင်နီး က ဤသို့ပြုလုပ်ခြင်း မက္ကရူဟ် ဖြစ်ကြောင်း ခလီဖဟ်ကြီးလေးပါး အိဗ်နေအုမရ် နှင့် အဗူ အုမာမဟ် သခင်တို့ထံမှလည်း ဆင့်ပြန်ချက်လာရှိထားသည်ဟု ရေးသားဖော်ပြထားသည်။


အိဗ်ရာဟီးမ် နခအီး ။ စလင်းမ်အိဗ်နေ့အဗ်ဒုလ္လာဟ်။ အပ်စ်ဝဒ်  အိဗ်နေ့ဗာယဇီးဒ် တို့ကလည်း အဇ်လ်လုပ်ခြင်းကို မက္ကရူဟ်ဖြစ်သည်ဟုဆိုကြသည်။ သို့ရာတွင် မဖြစ်သော အခြေအနေတွင် ချွင်းချက်ပေးထားသည်။  (ဥပမာ အမျိုးသမီးသည် ကိုယ် ဝန်မဆောင်နိုင်လောက်အောင် အင်အားနည်းနေလျှင် စသည်ဖြင့် ) မိမိ တကိုယ် ရည် အကြောင်းပေါ်ပေါက်လာသော အတိုင်းအတာ ခန့်မျှ ဤသို့ပြုလုပ်ခြင်းပိုင်သည်။ သို့ရာတွင် မျက်မှောက်ခေတ် အစဉ်အလာတရပ်အဖြစ် စုပေါင်းပြုလုပ်ခြင်းမပိုင်ပါ။

အကယ်၍ တဦးတယောက် အနေနှင့် သန္ဓေတားဆေးများကို အစ္စလာမ့် ရည်ရွယ်ချက်ဖြင့် ဆန့်ကျင်သော ရည် ရွယ် ချက်ဖြင့် သုံးစွဲမည်ဆိုပါက မပိုင်ပါ။


အချုပ်အားဖြင့်ဆိုရသော် သန္ဓေတားခြင်းအား ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ထောက်ပြီး ပိုင် / မပိုင် အမိန့်ချမှတ်ရမည်။ ထို့ကြောင့်


***မျက်မှောက်ခေတ်၌ ဖက်ရှင်ဖြစ်နေသော မိသားစုနည်းပါးရေး စီမံကိန်းအတွက် ဤသို့ပြုလုပ်ခြင်းမပိုင် ပါ။ ပြုလုပ်ခွင့်မရှိ။ အကြောင်းမှာ မိသားစုနည်းပါးရေးစီမံကိန်းသည် အစ္စလာမ့် ရည်ရွယ်ချက်နှင့်ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်သည်။


***သန္ဓေတားခြင်းသည် တဦးတယောက်အတွက် အစ္စလာမ့် စဉ်းမျဉ်းများနှင့် မဆန့်ကျင်လျှင်ပြုပိုင်ခွင့်ရှိသည်။ သို့သော် စုပေါင်း၍သော်လည်ကောင်းသတ်မှတ်ပြဋ္ဌာန် ၍သော်လည်ကောင်းလုပ်ခွင့်မရှိ။


***အမျိုးသမီး သည်ကိုယ် ဝန်မဆောင်နိုင်လောက် အောင် အားနည်းခြင်း သို့မဟုတ် ရောဂါကြောင့် သန္ဓေတားပိုင်ခွင့်ရှိသည်။


***ဒုက္ခအပင်ပန်းမခံလို၍သက်သာမှုရ ရန်သန္ဓေတားခွင့်မရှိ။


***ဆင်းရဲ နွမ်းပါးခြင်းနှင့် စားဝတ်နေရေး မပြေလည်မှုကြောင့် သန္ဓေတားပိုင်ခွင့်မရှိ။


***ရှက်ကြောက်ခြင်းနှင့် သမီး မိန်းကလေးမွေးဖွားမည် ကိုစိုးရိမ်၍ သန္ဓေတားပိုင်ခွင့် မရှိ။

ဆိုလိုသည်မှာ ရှရိအသ်က ခွင့်ပြုသောခိုင်မာသည့် အကြောင်းပြချက်မရှိဘဲ ယာယီအားဖြင့် သန္ဓေတားခြင်းကိုလည်း တရားတော်က ခွင့်မပြု။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်ﷺ  မိန့်ကြားတော် မူခဲ့သည် မှာ ကလေး အမြောက်အမြားမွေးဖွားရန် သားဖွားမှုကို ချုပ်ချယ် ကန့်သတ်ခြင်းမပြူရန်ဖြစ်သည်။ သို့မှသာ တမန်တော်မြတ် ၏ အွမ္မသ်သား တိုးပွားနိုင်မည် ဖြစ်သည်။ 

မုစ်လင်မ် တို့သည် အမြဲတစေ ထိုမျိုးဆက်ပြန့်ပွားရေး အမိန့်တော်နှင့်အညီ ဆောင်ရွက်ခဲ့သည်ကို သမိုင်းက သက်သေခံလျက်ရှိသည်။ 

အကြင်သူတို့သည် မုစ်လင်မ်ဖြစ်ပါလျက် မုစ်လင်တို့ကို ဤ ကိစ္စများနှင့်စပ်လျဉ်း ၍ အစ္စလာမ့် ရည်ရွယ်ချက်နှင့် ဆန့်ကျင်၍ ပြုလုပ်ရန် အကြံပေးခြင်း တိုက်တွန်းခြင်းတို့သည်လည်း ရှရီအသ်တရားတော် ၏ ရှုထောင့်အရ အပြစ်ကျူးလွန်သူ များဖြစ်သည်။


ဓမ္မသတ်ဌာန ဂျာမိအဟ် ဖာရူကီယဟ် (ကရာချိ  ပါကစ္စတန်)

ကျော်ဇင်လတ်(ကံသာကုန်း)

Monday 23 March 2020

ဗိစ်မိလ္လာဟ်၏ဗရကသ်

📑📑📑📑﷽📑📑📑📑
ဗိစ်မိလ္လာဟ်၏ဗရကသ်တော်

အလ္လာမဟ် ဖခ်ရွဒ္ဒီးန်ရာဇီ
(ရဟ်မသွလ္လားဟ်အလိုင်းဟ်)
မိမိ၏သဖ်စီးရ်ကျမ်းတော်တွင် ဤသို့
အဖြစ်မှန်တစ်ခုကိုရေးသားတင်ပြ
ထားသည်။
တမန်တော် အီစာ အလိုင်းဟိစ္စလမ်
သည်တရံရောအခါ ခရီးသွားနေစဥ်
လမ်းခုလတ်တွင် ကဗရ်တစ်ခုနားမှ
ဖြတ်သန်းသွားနေစဥ် ကဗရ်ရှင်သည်
အဇားဗ်အပြစ်ဒဏ်ခံနေရသည်ကို
ကရှ်ဖ်နှင့်သိရလေသော် အင်မတန်
ဝမ်းနည်း၍ နမာဇ်နှစ်ရကအသ်ဖတ်
ပြီးနောက် အလ္လာဟ်ရှင်မြတ်ထံတွင်
လွတ်မြောက်မှု့ရစေရန်ဒုအာလုပ်ပေး
ခဲ့သည်။ထို့နောက်နှစ်အနည်းငယ်ကြာ
ပြီးနောက် ထိုကဗရ်နားမှဒုတိယအ
ကြိမ်ဖြတ်သန်းသွားလေရာ အရင်တ
ခေါက်လိုမဟုတ်ပဲ အပြစ်ဒဏ်မှလွတ်
မြောက်ပြီး စည်းစိမ်များဖြင့်စံစားနေ
သည်ကိုတွေ့ရကာအင်မတန်ဝမ်းသာ
ကာအလ္လာဟ်အရှင်ထံရွှက်ရီယာကျေး
ဇူးတင်ကာလျောက်ထားလေရာ အရှင်
မြတ်ဘက်တော်မှ ဝဟိဗျာဒိတ်တော်ချ
၍မိန့်တော်မူခဲ့သည်။ဤသူသည် ဂိုနဟ်
များစွာလုပ်သဖြင့်အပြစ်ဒဏ်ကဗရ်ထဲ
၌မှာပင်ခံနေရသည်။သို့သော် ထိုသူသေ
ဆုံးချိန်တွင် ဇနီးသည်မှာကိုယ်ဝန်ကျန်
နေခဲ့သည်။ထိုကလေးစကားပြောတတ်
ရွယ်ရောက်လေသော် မိခင်ဖြစ်သူက
ကလေးအား သာသနာ့အခြေခံကျောင်း
ကိုပို့ကာသင်ယူစေခဲ့သည်။သားဖြစ်သူ
ကမပီကလာ၊တီတီတာတာ ဗိစ်မိလ္လား
ဟိရ်ရဟ်မားနိရ်ရဟီးမ် ဟုတစ်ခေါက်
ရွတ်ဖတ်လိုက်တဲ့ဗရကသ်ပဲဖြစ်တယ်။
اللہ تعالی فرماتے ہیں کہ اس بندے سے شرم
آتی ہے کہ اسے آگ کاعذاب دوں زمیں کے اندراوراس کا فرزندمیرانام لیتاہےزمین کے
اوپر
အလ္လာဟ် အရှင်မြတ်မိန့်တော်မူသည်။
သူ့သားကမြေပေါ်မှငါ့အရှင်နာမည်တော်
တသနေပြီး မြေအောက်မှာရှိနေတဲ့သူ့အ
ဖေကို အပြစ်ပေးရန် ငါအရှင်ရှက်တော်
မူသည်။
{راہ نجات حصہ۳صفحہ ۱۴۰ بحوالہ
تفسیرکبیر}
ကျော်ဇင်လတ်(ကံသာကုန်း)

Tuesday 10 December 2019

အလွန်အဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကားများ
Pages: 115
File Size: 3.87 MB
Book Size: 5" x 7.47"

Download Links:


http://www.mediafire.com/view/orpp3zi84rfifa4/Read Memorise and Practise and then Pass.pdf

https://drive.google.com/file/d/0B3RmkygwGR8MOENkQ203ZEViQjQ/edit?usp=sharing


https://app.box.com/s/ml556a5u9ns6stoqgs41
အစားအသောက်နှင့် ခေတ်သစ်လူသုံးကုန်ပစ္စည်းများ
နှင့်ပက်သက်၍ အစ္စလာမ့်ပညာတ်ချက်များ

File Size 15.6 MB
Total Page 257

ဒေါင်းရန် အောက်က Link ကိုနှိပ်ပါ။
https://my.pcloud.com/publink/show?code=XZYdo3ZptQRF0JMfkpxbEzNyJc5aX32W8K7


အမျိုးသမီးများအတွက် ဓမ္မသတ်ကျမ်း

အစ္စလာမ့်အမျိုးသမီးများအတွက်။

File Size  10.3 MB

Total Page 438

အောက်က Link ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ။
http://www.mediafire.com/view/g9q34o3luq2bftb/Islamic_Rules_Paungchoke_for_Women.pdf

https://my.pcloud.com/publink/show?code=XZbvvtZoD1QuTi0Te4uaIazhlWwFmqJodOX





Sunday 8 December 2019

သမီးဟူသည် အလ္လာဟ်၏ရဟ်မသ်
 (Refurbished Scan Book)
Daughter is Allah's Rahmah.pdf

ပြန်ဆိုသူ: မော်လဝီ ဟာ​ဖွဇ် မုဟမ္မဒ် ဇကီး (မဟ်မူဒီ-မုတ္တမ)

စီစဉ်သူ: မော်လဝီ ဟာ​ဖွဇ် မုဟမ္မဒ် မာမ်ဆာ(မဟ်မူဒီ)
ဟောကြားသူ: ဟဇ်ရသ် မော်လာနာ မုဖ်သီ အဗ္ဗဒွရ် ရအူးဖ် (စခရ်ဝီ)

ကျော်ဇင်လတ်(ကံသာကုန်း) 

Pages: 65

File Size: 2.23 MB
Book Size: 4.67" x 7.33"

Download Links:

http://www.mediafire.com/view/w1k0flurzdrdbdq/Daughter is Allah's Rahmah.pdf

https://app.box.com/s/z1dqfcnbygvmcre0tsbd

https://drive.google.com/file/d/0B3RmkygwGR8MWjBqeFdNX1BxZmM/edit?usp=sharing

Saturday 7 December 2019

စာအုပ်

အမွှေးအကြိုင် ၊အလှအပ နှင့်ပက်သက်၍
ခေတ်သစ်ုံကြိုက်နေသာ
အစ္စလာမ့် ဓမ္မသတ်များ
File Size 2.78MB
ဒေါင်းရန် Link
https://www.mediafire.com/download/3xwxjvktbx5mvhs


ဖသာဝါ ကဏ္ဍ

 မျက်မှောက်ခေတ် သန္ဓေတားနည်းများနှင့် စပ်လျဉ်း၍ ****************************** ယနေ့မျက်မှောက်ခေတ်၌ ဇနီးမောင်နှံတို့ အသုံးပြုလေ့ရှိသော သားဆက်...